Excel ebook တစ်ခု ဖတ်မယ်လုပ်ပြီး winrar နဲ့သိမ်းထားတဲ့ဖိုင်ထဲက .chm extension နဲ့ဆုံးတဲ့ဖိုင်ကို ဖွင့်လိုက်တာ error တက်တာနဲ့ ရှာဖွေရေးလေးလုပ်လို့ရတာကို တင်ထားလိုက်ပါတယ်။ .chm file ဆိုတာ Compiled HTML Help File လို့မှတ်သားလိုက်ရတယ် ။ ကျွန်တော်တို့ help ဖိုင်တွေခေါ်ရင် တက်တက်လာတဲ့ ပရိုဂရမ်ဖြစ်ပါတယ် ။ဒီပုံလေးကတော့ ကျွန်တော့်စက်မှာ တက်တဲ့ error ပါ ။ အင်တာနက်မှာ ရှာဖွေလိုက်တော့ ဖိုရမ်တွေမှာ ပြောထားတဲ့ နည်းလမ်းတွေကတော့ အများကြီးပါပဲ ။ ဒါပေမဲ့ ကျွန်တော့်စက်နဲ့ အဆင်ပြေသွားတယ့် command ကို တင်ပေးထားလိုက်ပါတယ်။
start > run > cmd
regsvr32 c:\windows\system32\itss.dll
<enter>
အပေါ်က command လေး တခုထဲနဲ့ပင် အဆင်ပြေသွားပါတယ် ။ တခြား ဖိုရမ် မှာတွေ့တယ့်ဟာတော့ မစမ်းလိုက်တော့ပါဘူး အဆင်ပြေသွားလို့လေ :P အဲဒါကို လည်း လိုရမယ်ရ မှတ်ထားလိုက်ပါဦးမယ် ။
start > run
regsvr32 c:\windows\system32\hhctrl.ocx
<enter>
အဲလိုမျိုး error ကြုံရင် အဆင်ပြေပါစေ ။
Leave a comment